Wednesday, September 30, 2009

ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ


ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ"

"ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ" ဆိုတဲ့ မေးခွန်းကိုအဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေမေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်းအပြောခံနေရတယ်။ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့ထင်ခဲ့တာ။ "မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား" လို့
အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။"မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာ ထပ်စဉ်းစားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်"နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။ဒီတစ်ခါ ကျနော် မေမေ့ကို ဖြေလိုက်တာက "မေမေ၊ အမြင်အာရုံက လူတိုင်းအတွက်
အင်မတန် အရေးကြီးတယ်လေ။ ဒီတော့ အဖြေက ကျနော်တို့ရဲ့ မျက်လုံးတွေပဲဖြစ်ရမယ်"၏မေမေ ကျနော်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ကရုဏာလေသံနဲ့"သားက အတော်လေး စဉ်းစားလာနိုင်ပြီပဲ။ ဒါပေမယ့် အဖြေက မှားနေသေးတယ်။လောကမှာ မျက်စိမမြင်တဲ့ လူတွေ အများကြီးရှိတယ် သားရဲ့" လို့ပြန်ပြောသွားတယ်။
ကျနော် စိတ်လေသွားခဲ့ပြန်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖြေမှန်ရအောင်တော့ကျနော် ဆက်ကြိုးစားဖို့ အားမာန် အပြည့်နဲ့ပါ။ တွေးတတ်ခေါ်တတ်ဖို့ အမေရဲ့လေ့ကျင့်ခန်းကို ကျနော် မမေ့မလျော့ အမြဲ လုပ်နေဖြစ်တယ်။ ဒီနှစ်တွေကြားမှာလည်း မေမေ့ကို ခဏခဏ ဖြေပေးဖူးတယ်။ ဒါပေမယ့် အမေဆီက ကြားရတဲ့
အားပေးစကားက မပြောင်းလဲခဲ့ဘူး။"မဟုတ်သေးဘူး သား။ ဒါပေမယ့် လူလေးက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး
တွေးတတ်ခေါ်တတ်လာတာပဲ"တစ်နှစ်တော့ ကျနော့ အဘိုး ဆုံးတယ်။ အားလုံး အတော်လေး စိတ်ထိခိုက်ကြတယ်။အားလုံးလည်း ငိုခဲ့ကြတယ်။ ကျနော်ရဲ့ အဖေတောင် ငိုတယ်။ ကျနော်ကောင်းကောင်း မှတ်မိတာပေါ့။ ဘာလို့လဲဆို ဖေဖေ ငိုတာကို ဒါပါနဲ့ဆိုနှစ်ခါပဲ မြင်ဖူးသေးတာ။အသုဘ အခမ်းအနားမှာ အခေါင်းပိတ်ဖို့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက်အဘိုးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတယ်။ ကျနော်တို့ အလှည့်လည်း ရောက်ရောအမေက ကျနော်ကို လှမ်းကြည့်တယ်။ နောက်ပြီး သူ ကျနော်ကို
လှမ်းပြောလိုက်တယ်။"အရေးကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲဆိုတာ အခု သိပြီလား၊ သား"

ဒီလို အချိန်မျိုးမှာ ဒီမေးခွန်း မေးလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး။အမေးခံလိုက်ရတော့ အတော်လေး ထွေသွားတယ်။ သူနဲ့ ကျနော် နှစ်ယောက်တည်းဆော့တဲ့ ဂိမ်းတစ်ခုပဲလို့ ကျနော် ထင်နေခဲ့တာလေ။ အူကြောင်ကြောင်ဖြစ်နေတဲ့ကျနော်မျက်နှာကို အကဲခတ်မိတဲ့ မေမေက"ဒီမေးခွန်းက သိပ်အရေးကြီးတယ်၊ သား။ ဘဝမှာ တကယ်ပဲ အသက်ရှင်လျက်နေထိုင်နေသလား ဆိုတာကို သိဖို့ ဒီအဖြေက အရေးပါတယ်။ ဟိုးအရင်ကအစိတ်အပိုင်း အတော်များများကို သားအဖြေပေးဖူးတယ်။ ပေးတိုင်းလည်းမှားတယ်ဆိုတဲ့အကြောင်း မေမေ ဥပမာနဲ့ အမြဲ ရှင်းပြခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့ အရေးကြီးတဲ့ ဒီ သင်ခန်းစာကို သားအနေနဲ့ မှတ်ကို မှတ်သားမှဖြစ်မယ်။"မိခင်တစ်ယောက်ရဲ့ ကရုဏာမျိုးနဲ့ ကျနော်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး ပြောလာတယ်။ သူရဲ့ မျက်ဝန်းအိမ်အပြည့် မျက်ရည်တွေနဲ့ဖုံးလွမ်းနေတာ ကျနော် သတိထားမိတယ်။
"သား ... မင်းရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းကမင်းရဲ့ ပုခုံးတွေပဲ""ကျနော့် ခေါင်းကို ထမ်းပိုးထားရလို့လား မေမေ""မဟုတ်ဘူး၊ သား။ သားရဲ့ ပုခုံးနဲ့ သူငယ်ချင်း ဒါမှမဟုတ်ကိုယ်ချစ်တဲ့သူရဲ့ ခေါင်းကို မှီခွင့် ပေးထားနိုင်တယ်လေ။ သူတို့ငိုရင်ပေါ့။ လူတိုင်းလူတိုင်း သူတို့ရဲ့ ဘဝမှာ အကြောင်းတစ်မျိုးမျိုးကြောင့် ငိုကြရရင် အမှီပြုဖို့ ပုခုံးတစ်ဖက်တော့ လိုမယ်၊သား။ သားမှာ လုံလောက်တဲ့ အချစ်တွေ ရှိဖို့ပဲ မေမေ မျှော်လင့်တယ်။ အဲဒီလိုအချစ်တွေကြောင့် သား လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့်
သူငယ်ချင်းတွေ များများ ရှိပါစေလို့လည်း မေမေ အမြဲ ဆုတောင်းပေးနေပါတယ်"

သူငယ်ချင်းတို့မှာရော အဲလိုသူငယ်ချင်းမျိုး (သို့)
ကိုယ့်အပေါ်ကိုကြင်နာပေးနိုင်မဲ့
သူ၊ နားလည်ပေးနိုင်မဲ့သူ
ဘယ်နှစ်ယောက်ရှိနေပြီလဲ ....

တို့မန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို

တို့မန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို

Monday, 17 August 2009 19:34 လွင်ကို ၏ မေးလ်မှ ကူးယူဖော်ပြပါသည်။
E-mail Print
မန္တလေး နန်းတော်ကြီးရဲ့ အပြင်ဘက် ကျုးံပတ်ပတ်လည်မှာ မနက် ဝေလီဝေလင်းအချိန် ကျန်းမာရေး လေ့ကျင့်ခန်း ပြုလုပ်နေတဲ့ လူတွေထဲ မြန်မာလူမျိုးကို ရှာမတွေ့နိုင် လောက်အောင်ပါပဲ။

“ကျုပ် ပြန်လာတာ မြန်မာအငွေ့ အသက်တွေ၊ ယဉ်ကျေးမှုတွေ စုစည်းထားတဲ့ မန္တလေးမြို့ပါ၊ ဘယ်လို ကြောင့် တရုတ်ပြည်ရောက်နေတာလဲ” လို့ မန္တလေးမြို့ကနေ နှစ် ၂၀ နီးပါး ထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိလာသူ ဒေသခံ ဦးအောင်ကြည်က အံ့သြတကြီး ရေရွတ်တယ်။အခုဆိုရင် ဝ၊ ရှမ်း၊ ကိုးကန့်နဲ့ တခြား တိုင်းရင်းသား အမည်ခံထားတဲ့ တရုတ်လူမျိုးတွေဟာ မန္တလေးမြို့နဲ့ အပြည့် ဖြစ်နေပါတယ်။

မန္တလေးမြို့မှ နာမည်ကျော် တရုတ်တန်း (ဓာတ်ပုံ - Meemalee)

မင်းတုန်းမင်း စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၁၅၀ ကြာ တည်ရှိခဲ့တဲ့ မန္တလေးမြို့မှာ လူဦးရေ တသန်း နီးပါး ရှိနေပေမယ့် ဗမာလူမျိုးဒေသခံတွေကတော့ တရုတ်လူမျိုးတွေရဲ့ တဝက်တောင်မကျန်တော့တာ မြင်ကွင်းတွေက သက်သေ ပြနေတယ်။

မန္တလေးမြို့လယ်ခေါင်မှာ တရုတ်တွေသာ နေနိုင်ကြပြီး မြို့လယ်မှာ နေခဲ့ကြတဲ့ ဒေသခံတွေကတော့ မြို့ပြင်ကို ထွက်ခဲ့ကြရပါတယ်။

“အိမ်တွေကို ပါးစပ်က ခေါ်ဈေးအတိုင်းနဲ့ လုံးဝ ဈေးမဆစ်ဘဲ ၀ယ်တော့ ကျမတို့က ရောင်းတယ်။ သူ့ အိမ်လည်းရောင်း၊ ကိုယ့်အိမ်လည်းရောင်းနဲ့ တဖြည်းဖြည်း တရုတ်တွေ လက်ထဲ အိမ်တွေ အကုန် ရောက် ကုန်တာပဲ” လို့ မန္တလေး ပြည်ကြီးတံခွန်ရပ်နေ ဒေသခံတဦးက ပြောတယ်။

လက်ရှိ မန္တလေးမှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးတွေထဲက တော်တော်များများဟာ သူတို့ရဲ့ ဒေသရင်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်မှာတော့ ဒုတိယတန်းစား၊ တတိယ တန်းစားအဆင့်သာ နေရာရသူတွေဖြစ်ပြီး မန္တလေးမှာတော့ လူချမ်းသာ စာရင်းဝင် တွေ ဖြစ်နေပါတယ်။ သူတို့တွေဟာ မြို့လယ်မှာ နေရာယူနေထိုင်ရုံမကဘဲ ဒေသခံတွေရဲ့ စီးပွားရေးတွေကိုပါ ၀င်ရောက်လုပ်ကိုင် လာကြပါတယ်။

“သူတို့မှာရှိတဲ့ငွေနဲ့ တရုတ်ပြည်မှာ ဘာမှ လုပ်စားလို့မရ နိုင်ပေမယ့် ဒီမှာကျတော့ စီးပွားရေး တခု လုပ်နိုင်တဲ့ အပြင် လူတန်းစေ့လည်း နေနိုင်တယ်လေ” လို့ ဒေသခံ ကုန်သည် တဦးက ဆိုတယ်။

မြန်မာနိုင်ငံမှာ တရုတ်ငွေ တယွမ်ကို ၆၀ ကျပ် တန်ဖိုးရှိတဲ့အတွက် ဒီလို ငွေကြေး ကွာဟမှုကလည်း မန္တလေးက စီးပွားရေး လုပ်ငန်းတွေထဲကို အလွယ်တကူ ၀င်ရောက်နိုင်တဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေဖြစ်တဲ့ ကုန်သည်လုပ်ငန်း၊ ကျောက်စိမ်း အရောင်းအဝယ် စတဲ့ လုပ်ငန်းကြီးတွေအပြင် အသေးစားလုပ်ငန်းတွေ ထဲမှာပါ တရုတ်တွေ ပါဝင် လုပ်ကိုင်နေတာ မန္တလေးမြို့ကို တပတ်လောက် ပတ်ကြည့်လိုက်ရင် တွေ့ရမှာပါ။

“မန္တလေး ရောက်တုန်း ထမင်းဆီဆမ်း စားဖို့ မနည်းရှာရတယ်။ တရုတ်တွေဖွင့်ထားတဲ့ ဆိုင်တွေချည်းပဲဗျာ။ သူတို့ အစားအစာ တွေကိုတော့ အစုံ စားနိုင်တယ်” လို့ ဦးအောင်ကြည်က ဆိုတယ်။

တချိန်က ကျုံးဘေးပတ်လည်မှာ ညနေခင်း စက်ဘီးကိုယ်စီနဲ့ မန္တလာသူတွေက မြို့ရဲ့ အလှကို အယဉ် ဆင့်ပေးသလို ဖြစ်ခဲ့ပေမယ့် ခုအချိန်မှာတော့ မော်တော် ဆိုင်ကယ် တ၀ီဝီ မောင်းနေတဲ့ တရုတ်လေးတွေကိုပဲ နေရာတိုင်း မြင်နေရတယ်။

အရင်က မန္တလေးတမြို့လုံးအတွက် အဓိကအလုပ် တခုလို ဖြစ်နေတဲ့ မဟာအောင်မြေမြို့နယ် အတွင်းက ကျောက်စိမ်းဈေးကွက်နဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကြောင့် မန္တလေးမြို့ကို တရုတ် ခရီးသွား ဧည့်သည် အမြောက်အမြား ရောက်လာကြပြီး နောက်ပိုင်းမှာတော့ ဧည့်သည်ကနေ အိမ်ရှင်တွေလို ဖြစ်လာကြတာလို့ ဒေသခံတွေက ဆိုတယ်။

တရုတ်နိုင်ငံသားတွေ မန္တလေးမှာ တရားဝင်အခြေချနိုင်ရခြင်း အကြောင်းရင်းကတော့ အာဏာပိုင် အဆင့်ဆင့် အနေနဲ့ ငွေကြေးရယူပြီး နိုင်ငံသားစိစစ်ရေး ကတ်တွေ ထုတ်ပေးခဲ့တာကြောင့်ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မန္တလေးတောင်ပေါ်မှ တွေ့ရသည် မန္တလေး မြို့မြင်ကွင်း (ဓာတ်ပုံ - Robin Thom)

“တရုတ်တွေက မန္တလေးမှာမြန်မာ မှတ်ပုံတင်ကို လွယ်လွယ် ကိုင်နေကြတယ်၊ နိုင်ငံသား စိစစ်ရေးကတ်တွေကို လူဝင်မှုကြီးကြပ်ရေး (လဝက) က သူတို့ကိုတော့ အလွယ်ထုတ်ပေးတယ်။ ပိုက်ဆံပေးရင် ရနေတာပေါ့” လို့ သူက ဆိုတယ်။

ဘုရင် မင်းအဆက်ဆက်ရဲ့ အမွေအနှစ်များစွာ ကျန်ရှိနေသေးတဲ့ မြန်မာနိုင်ငံ အထက်ပိုင်းက မန္တလေးမြို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုအတွင်းမှာပဲ နေထိုင်တဲ့လူမျိုး၊ နေထိုင်သူတွေရဲ့ လူမှုအဆင့်အတန်းနဲ့ ရိုးရာ ယဉ်ကျေးမှု တွေ ပြောင်းလဲ သွားလို့ အံ့သြမိတယ်လို့ ရွှေရေးဆောင်ကျောင်းတိုက် ဆရာတော် ဦးဥတ္တမက မိန့်ကြားပါတယ်။

“တရုတ်တွေက အရာရာကို ချယ်လှယ်နေလိုက်တာ၊ ကျောက်စိမ်းတန်းမှာလည်း သူတို့၊ ဈေးချိုမှာလည်း သူတို့၊ ကျမတို့ လုပ်စားစရာကို မကျန်တော့ဘူး” လို့ ဈေးချိုက အထည်ဆိုင်ပိုင်ရှင် တဦးက ပြောတယ်။

ရှေးရိုးဆန်လှတဲ့ ဈေးချိုကြီးထဲမှာ တရုတ်လူမျိုးတွေ ၀င်ရောက်လုပ်ကိုင် လာမှုကြောင့် ဈေးချိုရဲ့ပုံစံ၊ အရောင်း ၀ယ်၊ ဆက်ဆံရေး၊ ၀တ်စားဆင်ယင်ပုံတွေမှာ ရိုးသားပွင့်လင်းတဲ့ အညာသူအညာသားတွေရဲ့ ပုံရိပ်တွေ မမြင်ရ သလောက်ကို ဖြစ်လာပါပြီ။

ရတနာပုံ ဈေးကြီးဟာလည်း ၂၀၀၈ မီးမလောင်ခင်က တရုတ်ငွေနဲ့ ဗမာငွေလဲလှယ်တဲ့ ဈေးကွက် တခု ဖြစ်ခဲ့ပါတယ်။

အရင်မန္တလေး ညဈေးတန်းနေရာထက် ခုချိန်မှာတော့ နယ်စပ်ဒေသက အစားအသောက်၊ အသီးအနှံ တွေရောင်းချနေတဲ့ ၇၇ လမ်းက ညဈေးတန်းက ပိုလို့ ဈေးကွက်ဖြစ်လာတာကို တွေ့ရတယ်။

ကျောက်ဆည်မြို့နယ်ကို ပြောင်းရွှေ့လိုက်တဲ့ AAA ဘိလပ်မြေ စက်ရုံနဲ့ ကျားခေါင်း ဘိလပ်မြေစက်ရုံ တွေဟာလည်း မြန်မာနိုင်ငံသားပိုင် လို့သာ နာမည်တပ်ထားပေမယ့် တကယ်တော့ စက်ရုံပိုင်ရှင်တွေက တရုတ်လူမျိုးတွေပါလို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်သူ တဦးက ဆိုတယ်။

ရှေးမြန်မာဘုရင်တွေ နန်းစံခဲ့တဲ့ မန္တလေးမှာ တရုတ်လူမျိုးတွေရဲ့ အနေအထိုင်၊ အပြုအမူနဲ့ ၀တ်စားဆင်ယင် မှုတွေ လွှမ်းမိုးလာတာကြောင့် နောင်လာမယ့် အနာဂတ်မှာ ယဉ်ကျေးမှု အမွေ အနှစ်တွေ ပပျောက်သွားမှာ စိုးရိမ်ရ တယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။


shwe ti gone



လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်

လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်











လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်


၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ
လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော
စိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။်
စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။်
အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း
သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။်
ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး
ကောင်းမွန်ခြင်းဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး
အကြွေးသံသရာဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့်
လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ
စိတ်ဓာတ်ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

အားလုံးရွှင်လန်းကြပါစေ......

ဘ၀တိုးတက်နည်း

ဘ၀တိုးတက်နည်း
To:






လူဆိုတာ ကိုယ့်ဘ၀ကို တစ်နေ့တစ်ခြားတိုးတက်စေချင်ကြတာ
ချည်းပါပဲ။ ဒါပေမယ့်
လုပ်နည်းလုပ်ဟန်တွေချွတ်ချော်နေတဲ့အတွက် တိုးတက်မှုရသင့်သလောက်
မရဖြစ်နေကြပါတယ်။
လုပ်နည်းလုပ်ဟန်ဆိုတာကတစ်ခြားမဟုတ်ပါဘူး။ ဘ၀လမ်းတစ်လျှောက်
ဖြတ်သန်းတဲ့နေရာမှာ လိုက်နာကျင့်သုံးအပ်တာတွေကို ခင်ဗျားတို့
လိုက်နာကျင့်သုံးပြီးပြီးလားဆိုတာ ဆန်းစစ်ကြည့်ရအောင် ဖော်ပြပေးပါတယ်။

(၁) လူတိုင်းနဲ့ အဆင်ပြေပြေ ကျေကျေလည်လည်ပြောဆို ဆက်ဆံတတ်မှု။

(၂) ဒေါသကို အချိန်မီ ထိန်းချုပ်တတ်မှု

(၃) အားငယ်စိတ်ကို ရုတ်သိမ်းပြီး အမြဲစိတ်အားထက်သန်အောင် နေတတ်မှု

(၄) သစ္စာတရားကို လေးစားစွာ စောင့်ထိန်းမှု

(၅) မလိုလားအပ်တဲ့ ရန်သူများကြားမှာ လိမ္မာပါးနပ်စွာ နေတတ်ပြောတတ်မှု

(၆) မိမိရဲ့ ဘ၀ပေးလုပ်ငန်းတာဝန်တွေကို ထိထိရောက်ရောက်ပျော်ပျော်ရွှင်ရွှင်
လုပ်ကိုင် ဆောင်ရွက်နိုင်မှု

(၇) မိတ်ဆွေစစ် မိတ်ဆွေမှန်များ ရှာဖွေနိုင်မှု

(၈) မိမိကိုယ်ကို တန်ဖိုးထားပြီး ထိန်းသိမ်းနေထိုင်မှု

(၉) ကိုယ်ကျိုးစီးပွားရှာ အများအကျိုးအတွက်လည်း သယ်ပိုးဆိုသကဲ့သို့
သူ့ဘက်ကိုယ့်ဘက် ကြည့်တတ်မှု။

သည်အချက် ကိုးချက်ကို လူတော်တော်များများသိထားပါလိမ့်မယ်။ ဒါပေမယ့်
ကိုယ်တိုင်ကျင့်သုံးမှု ရှိရဲ့လား ဆန်းစစ်ကြည့်တဲ့အခါ
လိုက်နာကျင့်သုံးခြင်း မရှိတာကို တွေ့ရပါလိမ့်မယ်။
လိုက်နာကျင့်သုံးသူတွေကတော့ လက်တွေ့အောင်မြင်သူတွေပဲဖြစ်ပါတယ်။
လူတွေမှာအခြေခံတရားဆိုတာ လိုအပ်ပါတယ်။ မရှိလို့မဖြစ်ပါဘူး။
အခြေခံတရားမရှိသူဘဲ လူ့ဘ၀လူ့လမ်းခရီးကို ဘယ်နည်းနဲ့ လျှောက်မလဲ။
အသိတရားမရှိတဲ့ လောကကြီးထဲ တိုးဝင်အောင်မြင်ချင်တဲ့ လူဟာ
အိမ်မက်ထဲကရေကြည်တစ်ပေါက် ကို သောက်သုံးလိုက်ရတာမျိုးပဲဖြစ်နေပါလိမ့်မယ်။
အိမ်မက်ထဲက ရေကြည်တစ်ပေါက်ကိုအတင်းသောက်လိုက်ရလို့ လက်တွေ့ဘ၀မှာ
ပြီးပြည့်စုံခြင်းကို မရောက်နိုင်ပါဘူး။ တစ်ချို့ကတော့ လူတွေဟာ
တစ်ခုခုတတ်လာ သိတာ ပြည့်စုံလာ ကျော်ကြားလာရင် မာနအမြီးလေး
တရမ်းရမ်းပြုမူလာတတ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ မာနအမြီးလေးလည်းပြုတ်ရော
အနုတ်စုတ် ဂုတ်စုတ်ဘ၀ကို ရောက်သွားပါလေရော။ ဒါဘာဖြစ်လဲဆိုတော့
ဘ၀မှာဘယ်လိုနေရင် သာယာပျော်ရွှင်အောင်မြင်မလဲဆိုတာကို
မစဉ်းစားကြလို့ပဲဖြစ်ပါတယ်။ ဘ၀ခရီးမှာ အောင်မြင်ချင်တဲ့
ဆန္ဒရှိသူတစ်ယောက်အဖို့ ဘာတွေကို သိပြီး ဘယ်လောက်အဆင့်ထိ
ပြင်ဆင်ထားပြီးပြီဆိုတာ မိမိကိုယ်ကို သိထားဖို့ လိုအပ်နေပါပြီ။




Monday, September 28, 2009

အဘိဓမ္မာ အခြေခံ

{မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သော အနာဂတ်သာသနာရေး ကျမ်း (၁၉၉၅ ခုထုတ်) မှ ကောက်နုတ်ပါသည်။}

ယခုခေတ်သည် သဘာဝကို လိုက်စားနေသော ပညာခေတ် ဖြစ်၏။ ထိုကဲ့သို့ အစစ် အမှန်သဘာဝ သည် အဘိဓမ္မာ တရားတော် ၌ အစုံအလင် ပါဝင်၏။ အဘိဓမ္မာ ၏ အပြင်ဘက်၌ အစစ်အမှန်ကို မည်မျှ လောက်ပင် စိစစ် ရှာဖွေ ကြသော်လည်း တွေ့ရ လိမ့်မည်မဟုတ်။ ထိုစကားကို ရှင်းပြပါဦးမည်၊ ”အဆင်း တစ်ခုကို ကြည့်ရှုသည်” ဟု ဆိုရာ၌ မျက်လုံးအိမ် အတွင်းဝယ် စက္ခု အကြည်ဓာတ်ကို ထို အဆင်း အာရုံက ပထမဆုံး ဓာတ်ခိုက်၏။ ထိုကဲ့သို့ ဓာတ်ခိုက်သည် နှင့် တစ်ပြိုင်နက် ထိုအာရုံကို ဆင်ခြင်သော အာဝဇ္ဇန ခေါ် စိတ်တစ်ခု အလွန် လျင်မြန်စွာ ဖြစ်၍ ပျက်သွား၏။ ထို့နောက် တစ်ဆက်တည်းပင် ထိုအာရုံကို မြင်သိ-သိသော စက္ခုဝိဥာဏ ခေါ် စိတ်တစ်ခု အလွန် လျင်မြန်စွာ ဖြစ်၍ ပျက်ပြန်၏။

ထို့နောက် ဆက်၍ ဆက်၍ ထိုအာရုံကို ခံယူသော သမ္ပဋိစ္ဆန စိတ်၊ စုံစမ်းသော သန္တီရဏစိတ်၊ ဆုံးဖြတ်သော ဝေါဋ္ဌဗ္ဗနစိတ်၊ အာရုံ၏ အရသာ ကို ခံစားသော( အလွန်လည်း အရှိန် အဟုန်ပြင်းသော) ဇ၀န ခေါ် စိတ် ၇ ကြိမ်၊ ထိုအာရုံကို ဆက်၍ အာရုံပြုသော တဒါရမ္မဏ ခေါ်စိတ်၂ကြိမ် ဖြစ်၍ပျက်၏။ ဤမျှသော စိတ်အစဉ်ဖြစ်ရုံမျှ ဖြင့် ငါမြင်၏ ဟု ဆိုရလောက်အောင် စိတ်မစုံသေး၊ ဆက်၍ စိတ်အစဉ် ၃တန်း၊ ၄ တန်း ဖြစ်ရသေး၏။ စိတ်အစဉ် ဖြစ်ရသော်လည်း ကြာသည်ဟု မမှတ်ထိုက်။ လက်ဖျောက် တစ်ချက်တီး အချိန်မှာ ကုဋ္ဋေများစွာ စိတ်တွေ ဖြစ်၍ ပျက်နိုင်သောကြောင့် ချက်ချင်း မြင်ရသည်ဟုပင် ဆိုနိုင်သည်။

နာမ်ကလာပ်စည်း ။ ။ စိတ်တစ်ခု တစ်ခု ဖြစ်ရာ၌ စိတ်သက်သက် ဖြစ်သည် မဟုတ်။ စိတ်နှင့် အတူ ဖြစ်၍ အတူ ပျက်ကြသော စေတသိက် ခေါ် တရားစုလည်း ပါဝင်ကြ သေးသည်။ ထိုတရားများကား အာရုံကို ဓာတ်သဘော အလိုက် ထိခိုက်သော ဖဿ၊ အာရုံ အရသာကို ခံစားသော ဝေဒနာ၊ အာရုံကို မှတ်သားသော သညာ၊ တွဲဖက် တရားများကို ဆိုင်ရာ ကိစ္စများ၌ ဆောင်ရွက်ဖို့ရာ လှုံ့ဆော်သော စေတနာ၊ အာရုံ၌ တစ်ခဏမျှ ဖြစ်စေ ငြိမ်သက်စွာ တည်တံ့ နေသော ဧကဂ္ဂတာ( သမာဓိ)၊ ထိုတရား တို့၏ အသက်ဟုခေါ်ရသော ဇီဝိတိနြေ္ဒ၊ ထိုအာရုံကို နှလုံးသွင်းသော မနသိကာရ ဟု အနည်းဆုံးအား ဖြင့် ဤတရား ၇ပါး သည်လည်း အမြဲ ပါနေပေသည်။ ဤသို့ စိတ် စေတသိက် တို့ အစုလိုက် အစုလိုက် ဖြစ်ခြင်းကို နာမ် ကလာပ် ဟုခေါ်ကြစို့။ {နာမ =နာမ်၊ ကလာပ=အစု}

ရုပ်ကလာပ်စည်း။ ။ ဗုဒ္ဓ ရှင်တော်သည် ရုပ်အကြောင်းကို ဟောပြတော် မူရာ၌လည်း ဤ ဓာတ်သည် ခက်မာခြင်း သဘောရှိ၏။ ပထ၀ီ ဓာတ်ဟု ခေါ်၏။ ဤဓာတ်သည် စေးဖွဲ့ခြင်း သဘော ယိုစီးခြင်း သဘော ရှိ၏။ အာပေါဓာတ်ဟု ခေါ်၏။ ဤဓာတ်သည် အငွေ့ သဘောရှိ၏။ (အပူရုပ်၌ – အပူငွေ့၊ အအေးရုပ်၌ အအေးငွေ့ ရှိ၏။)တေဇောဓာတ်ဟု ခေါ်၏။ ဤဓာတ်သည် ထောက်ကန်ခြင်း တွန်းဖိခြင်း သဘောရှိ၏။ ၀ါယောဓာတ်ဟု ခေါ်၏။ ဤဓာတ်သည် အဆင်းအေ၇ာင် သဘောရှိ၏။ဝဏ္ဏ ဓာတ်ဟု ခေါ်။ ဤဓာတ်သည် အနံ့သဘောရှိ၏။ ဂန္ဓဓာတ် ဟုခေါ်သည်။ ဤ ဓာတ်သည် အရသာ သဘောရှိ၏။ ရသဓာတ် ဟုခေါ်၏။ ဤဓာတ်သည် အဆီ အနှစ်တည်း ၊ သြဇာဓာတ်ဟုခေါ်၏။ ဤပြခဲ့သော ရုပ်ရှစ်ခု အပေါင်းသည် အနည်းဆုံး ရုပ်ကလာပ် တစ်ခု ဖြစ်၏။ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အလွန် ကောင်းသော မှန်ပြောင်း ဖြင့်သာ မြင်နိုင်သော အသေးဆုံး ဆိုရသော အဏုမြူ ထက်ပင် သေးငယ်၍ ပရမာဏုမြူ ဟု ခေါ်ရသော ရုပ်မှုန့်ကလေး၌ သော်မှ ရှစ်ခုရှစ်ခု ပေါင်းစုနေသော ရုပ်ကလာပ် ကလေးတွေ အတော် များများ စုဝေး တည်နေ ပါသည်။ ရုပ်တုံးရုပ်ခဲက ကြီးကျယ်လေ ထို ရုပ်ကလာပ် မှုန့်ကလေးတွေ များလေဖြစ်၏။

အဘိဓမ္မာ အရေးကြီးပုံ။ ။ နာမ်အစု ရုပ် အစုကို သူ့ကလာပ်နှင့်သူ ခွဲစိတ်၍ ပြသထားသည့် အပြင် တစ်စုနှင့်တစ်စု ရှေ့နောက် ဖြစ်ရာ- အချင်းချင်း ကျေးဇူးပြုသွားကြပုံကိုလည်းကောင်း၊ သူတို့ဖြစ်ခိုက်၌ အချင်းချင်း ကျေးဇူး ပြုနေကြပုံကို လည်းကောင်း အဘိဓမ္မာ၌ ဟောပြ ထားတော် မူ၏။ လက်တွေ့ စဉ်းစားလေ့ ရှိကြသော ယခုခေတ်ဝယ် ထို အဘိဓမ္မာ သဘော အတိုင်း မမှန်နိုင်ဟု ပယ်လှန် နိုင်မည့် သူကို တွေ့စမ်း ချင်ပါသည်။ ဘုန်းကြီးတို့ အယူအဆ၌ ကား ထိုမျှလောက် အသေးစိတ်၍ ခွဲခြမ်း စိတ်ဖြာ ပြီးလျှင် ဤ သဘောသည် ဖသ ဤသဘောသည် ဝေဒနာ စသည်ဖြင့် သိနိုင်သူကို မဆိုထားဘိ၊ ဗုဒ္ဓ မပေါ်ထွန်း ခဲ့ပါလျှင် ဖဿ ဝေဒနာ စသော နာမည်မျိုး ကိုမျှ တပ်ပြနိုင်သူ မရှိဟု ယူဆပါသည်။ ဘုန်းကြီးတို့ သည် ရုပ်ဓာတ်ကို လက်တွေ့ ခွဲကြည့်ဖို့ရာ လက်နက် ကိရိယာ အပြည့်အစုံ မရကြ သေး၍ မခွဲနိုင် သော်လည်း လူတစ်ယောက်၏ စိတ်နေ စိတ်ထားကိုကား စကားပြောပုံ ပြုကျင့် နေထိုင်ပုံကို ထောက်ထား၍ ထိုအချိန်မှာ မည်သည့် နာမ် ကလာပ် ဖြစ်နေသည် ဟု အဘိဓမ္မာ အလေ့ အကျင့် အရ အတော် မှန်အောင် မှန်းဆ နိုင်ကြပါ၏။ တရားအားထုတ်၍ တရားပေါက် နေသူ( ပရစိတ္တ ၀ိဇာနန ဥာဏ် ရနေသူ တို့ကား) ထို့ထက်ပင် သေချာအောင် သိနိုင်ကြ ပါသည်။ မိမိ၏ စိတ်ထားကို စဉ်းစားသော အခါ၌ကား အလွန်သေချာ စွာသိ၍ မကောင်းသော နာမ်ကလာပ်ကို နောက်ထပ် မဖြစ်အောင် လည်း ချုပ်တည်းနိုင်၊ ကောင်းသော နာမ်ကလာပ်ကို တိုးတက် အောင်လည်း ပြုပြင်နိုင်ကြပေသည်။

ယခု အချိန်အခါ သည် “ဖန်ဆင်းသူရှိ၏” ဟူသော ရှေးကျသည့် ၀ါဒကို မသုံးစွဲ ကြတော့ဘဲ လက်တွေ့ကိုသာ လိုက်စားချိန် ဖြစ်၏။ ထို့ကြောင့် အလွန် သေချာ ကျနသော( မလွဲနိုင်သော) အဘိဓမ္မာ ၏ သဘာဝများကို အထက်တန်း လောကီကျောင်းများ ၌ သင်ပြသင့် ကြပေသည်။ ဘုန်းကြီးကျောင်း များ၌လည်း အရကျက်ရုံ မဟုတ်ဘဲ လက်တွေ့သင်၍ ကမ္ဘာကို ပြဖို့ရန် ကြိုးစား သင့်ကြပြီ။

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့ သွားရာလှေခါး(၃၀)ထက်

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို
့သွားရာလှေခါး(၃၀)ထက်
To:

၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်
လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည်
ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကို
ထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအား
မိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

ကဲ....အဆွေတို့ရေ အထက်ပါ စည်းကမ်းချက်များ သင့်မှာရှိပြီးသားဖြစ်ပါသလား
မရှိသေးပါက သင့်အတွက်အကျိုးရှိမည်ဟု ယုံကြည်ပါလျှင်
ကျင့်သုံးသင့်သည်ထင်ပါသည်။
အကုန်လုံးကိုယ်တိုင်ရေးသည်မဟုတ်သော်ငြားလည်း ပြင်ဆင်ဖြည့်စွပ်ထားပါသည်။
အဆွေတို့ရရှိရင်လဲ မျှဝေပေးစေလိုပါသည်။

အန္တရာယ်အကြီးဆုံး မီးတောင်

အင်ဒိုနီးရှားမှ အန္တရာယ်အကြီးဆုံး မီးတောင်
ကမ္ဘာပေါ်တွင် အန္တရာယ် အကြီးဆုံး မီးတောင်တစ်လုံးအဖြစ် တည်ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံမှ ကရာကာတိုဝါမီးတောင် တစ်ကျော့ပြန်လှုပ်ရှားပြီး လိမ္မော်ရောင် မီးချော်ရည်များ စီးကျနေသည်ကို အဝေးမှ တွေ့မြင်ရပုံ။


မီးခိုးအူထွက်နေသည့် ချိန်ကိုက်ဗုံးဟု တင်စားခေါ်ဝေါ်ကြသည့် အဆိုပါမီးတောင်သည် အမြင့်ပေ (၁၂၀၀)ကျော်မြင့်ပြီး လွန်ခဲ့သော (၁၂၆)နှစ်ကကဲ့သို့ ကမ္ဘာတစ်ခုလုံး တုန်လှုပ်ခြောက်ခြားစေလောက်သည့် ပေါက်ကွဲမှုကြီးမျိုး နောက်တစ်ကြိမ် ဖြစ်လာမည်ကို ပညာရှင်များကစိုးရိမ်နေသည်။

ထိုမီးတောင်သည် (၁၈၈၃)ခုနှစ်၊ မေလ(၂၀)ရက်နေ့က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ မြို့ရွာ(၁၆၅)ခု ပျက်စီးပြီး လူပေါင်း(၃၆၀၀၀)ကျော် အသက်ဆုံးရှုံးကာ မီးတောင်ပေါက်ကွဲမှုကြောင့် ရာသီဥတု ဖောက်ပြန်မှုကို (၅)နှစ်မျှ ကြုံတွေ့ခဲ့ရသည်။ ကျွမ်းကျင်သူများက ထိုစဉ်က ပေါက်ကွဲခဲ့သည့် ပြင်းအားသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ပေါ်သို့ အမေရိကန်တို့ ကြဲချခဲ့သည့် နျူကလီးယားဗုံးထက် အဆ(၁၃၀၀၀)ထိ ပိုပြင်းကြောင်း တွက်ချက်ဖော်ပြထားသည်။



ထိုမီးတောင် ပေါက်ကွဲမှုကို ကရာကာတိုဝါကျွန်းနှင့် (၇)မိုင်အကွာမှ ဂျာမန်သင်္ဘော အဲလိဇဘက်က တွေ့ရှိခဲ့ပြီး ချော်ရည်နှင့်ပြာများသည် ကောင်းကင်သို့ (၂)မိုင်မျှအထိ မြင့်မားစွာ ထိုးတက်သွားကြောင်း ကမ္ဘာသို့ အစီရင်ခံခဲ့သည်။ မီးတောင်ပေါက်ကွဲသည့် အသံကို မိုင်(၁၉၀၀)ဝေးသည့် ဩစတြေးလျနိုင်ငံ ပါ့သ်မြို့နှင့် မိုင်ပေါင်း(၄၅၀၀)ကျော်ဝေးသည့် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တို့မှ ကြားခဲ့ရသည်။



(၁၉)ရာစု၏ အဆိုးရွားဆုံး ပေါက်ကွဲခဲ့သော မီးတောင်တစ်ခုဖြစ်သည့် ကရာကာတိုဝါသည် ရာစုနှစ် (၂)ခုကို ကြုံဆုံခဲ့ပြီးနောက် ယခုအခါ ပြန်လည်အသက်ဝင်ကာ ချော်ရည်များ စီးထွက်လျက်ရှိပြီး လိမ္မော်ရောင် တောက်ပသည့် မီးရဲရဲ ကျောက်ရည်ပူများအား အဝေးမှပင် မြင်နိုင်သည်။ မီးတောင်သည် (၂၀၀၇)ခုနှစ်က တစ်ကြိမ်လှုပ်ရှားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ငြိမ်သက်ခဲ့သဖြင့် ကျွန်းသားများက စိုးရိမ်စိတ် လျော့နည်းနေသော်လည်း ယခုအခါ ပြန်လည် အသက်ဝင်လာခဲ့ပြီဖြစ်သည်။



ထိုမီးတောင်သည် မူလက (၂၆၆၇)ပေ မြင့်သော်လည်း မီးတောင်ပေါက်ကွဲစဉ် ပင်လယ်ရေမျက်နှာပြင်အောက်သို့ ပေပေါင်း(၈၂၀) ကျွံဝင်သွားခဲ့သည်။ မှတ်တမ်းများအရ မီးတောင်ပေါက်ကွဲမှုကြောင့် ပေ(၁၃၀)မြင့်သည့် ဆူနာမီ ရေလှိုင်းကြီးများလည်း ပေါ်ပေါက်ခဲ့သေးကြောင်း သိရှိရသည်။


--
။။။။။ ။။။။။
O O
(O O)
ZZZZZZZZZZ

With Love,

Sunday, September 27, 2009

အခွင့်

ပန်းတစ်ပွင့် နမ်းခွင့်သာရှိရင်
ငါမခူးရလည်း ကျေနပ်တယ်...
နှင်းတစ်စက် ဆင်းသက်သာလာခဲ့ရင်
ငါ့ဘဝ ဆောင်းမကျလည်း ကျေနပ်တယ်...
ကြယ်တစ်စင်း ထွန်းလင်းခွင့်သာရှိရင်
ငါဆုမတောင်းရလည်း ကျေနပ်တယ်...
တိမ်တွေညို မိုးသာပြိုခဲ့ရင်...
ငါမငိုရလည်း ကျေနပ်တယ်...
ဆန္ဒလမ်း ခဏလှမ်းခွင့်သာရှိခဲ့ရင်
ငါမဆိုင်ရလည်း ကျေနပ်တယ်...