ပန်းတစ်ပွင့် နမ်းခွင့်သာရှိရင်
ငါမခူးရလည်း ကျေနပ်တယ်...
နှင်းတစ်စက် ဆင်းသက်သာလာခဲ့ရင်
ငါ့ဘဝ ဆောင်းမကျလည်း ကျေနပ်တယ်...
ကြယ်တစ်စင်း ထွန်းလင်းခွင့်သာရှိရင်
ငါဆုမတောင်းရလည်း ကျေနပ်တယ်...
တိမ်တွေညို မိုးသာပြိုခဲ့ရင်...
ငါမငိုရလည်း ကျေနပ်တယ်...
ဆန္ဒလမ်း ခဏလှမ်းခွင့်သာရှိခဲ့ရင်
ငါမဆိုင်ရလည်း ကျေနပ်တယ်...
ဓမ္မဝေဒဂူသည် ဘ၀ သရုပ်ဖော်ရန်ဖြစ်ပါသည်။ ဝေဒဂူ-ပညာဖြင့် ဒုက္ခ၏အဆုံးသိုရောက်သူ။(ပါရာယန) ပညာဖြင့် အမတသို့ ရောက်သူ။ မဂ်ဥာဏ်ဖြင့် ကိလေသာတို့ကို ဖောက်ထွင်းသွားသူ။ ဝေဒနာတို့၌ ကိလေသာကုန်ခြင်းသို့ရောက်သူ။(သဘိယသုတ်)
Sunday, September 27, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment