ဒီနေ့တော့ စိတ်ကူးရတာနဲ့ ကိုယ်တင်ထားတဲ့ ဘလော့လေးကို ပြန်ကြည့်ဖြစ်တယ်။ ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာနေပြီ။ ဒီနေ့တော့ ကိုယ်ဖတ်နေတဲ့ စာအုပ်ထဲက ကဗျာလေးကို ကြိုက်တာနဲ့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ . ဓမ္မဝေဒဂူ
လေဆန်ကို ပျံမယ့် အိပ်မက်
အိပ်မက်တွေနဲ အိပ်စက်နေမိခဲ့တာ မနက်မိုးလင်းတော့ လက်ထဲမှာ ဘာမှ မကျန်ရစ်ခဲ့ဘူး။
နောက်ကျခဲ့ပြီလား။
ရထားတွေထွက်ခွါသွားကြတာ ခဏခဏ ခေါင်းမော့ပြီး မနေခဲ့ဘူးတဲ့ ခြေထောက်တွေဟာ အနာဂတ်ကို
မျှော်ငေးလို့။
ထားရာနေ စေရာသွားနဲ့ ဘ၀ခါးခဲ့တယ်။
မမြင်တစ်ဝက် မြင်တစ်ဝက်နဲ့ ၀မ်းရေးခက်ခဲ့တယ်။
ပေးဆပ်မှုမှန်သမျှအတွက် ညတွေဟာပိုပြီး နက်လာခဲ့တာပဲ။
ဆုပ်လို့လဲ စူးခဲ့ပြီးပြီ။
စားလို့လဲ ရူးခဲ့ပြီင်္းပြီ။
သစ်သီးတွေ အမှည့်မလွန်ခင် ခူးဆွတ်ဖို့ပြင်ခဲ့။
အမြင့်ဆီ....... တလွင့်လွင့် ရုန်းတက်သွားတော့မယ့် အလင်းအိမ်ပျံ ကြိုးကြာငှက်တွေလို တောင်ပံကို
အားမာန်အပြည့်ထည့်လိုက်တယ် မိုင်ထောင်ချီ ပျံသန်းဖို့။

မောင်နိုင်လင်း(ကောလင်း) ပိတောက်ပွင့်သစ်မဂ္ဂဇင်း(အမှတ်၂၉) ဒီဇင်ဘာ ၂၀၀၉ မှ ပြန်လည်ဖော်ပြပါသည်။
No comments:
Post a Comment