Monday, July 5, 2010


နှလုံးသားထဲမှာ မြဲမြံစွာ ဆောင်ယူထိုက်သော တရား (၅)ပါး
၁။ ပညာငါးပါး
၂။ ဂုဏ်ရှစ်ပါး
၃။ တော်ဖြောင့်ခြင်းခြောက်ပါး
၎။ စဉ်းလဲခြင်းသုံးပါး
၅။ ပြက်ရာသည်ကိုးပါး
.ဓမ္မဝေဒဂူ
ပညာငါးပါးဟူသည်
၁။ စစ်အမှု၌ လိမ္မာခြင်းပညာလည်းတပါး။ (စစ်အတတ်ပညာ ကျွမ်းကျင်တတ်မြောက်ခြင်း)
၂။ တရားစီရင်ဆုံဖြတ်ခြင်း၌ လိမ္မာခြင်းပညာလည်းတပါး။
၃။ နိမိတ်တဘောင်စသည်တို့၌ လိမ္မာသောပညာလည်းတပါး။ (ယခုခေတ်၌ သတင်းနှင့် နည်းပညာကို ဆိုလိုဟန်ရှိသည်)
၎။ ရှေး၌ဖြစ်ဖူးသော စကားဟောင်း၊ မင်းစဉ်မင်းဆက်အကြောင်းအရာတို့၌ လိမ္မာသောပညာလည်းတပါး၊
( သမိုင်းပညာရပ်)
၅။ ဆင်စီးခြင်း မြင်းစီးခြင်း အရာတို့၌ လိမ္မာသော ပညာလည်းတပါး။( ယခုခေတ် ယဉ်မောင်းအတတ်ပညာ )
ဤသည်လျှင် လိမ္မာခြင်းနှင့်ပြည့်စုံရာသော ပညာအပြားငါးပါးတည်း။
မြန်မာစာ ညွန့်ပေါင်းကျမ်း (ပ၊၂၆၁)
ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment