Saturday, July 10, 2010

နွေကြိုပွဲ


စခန်းထိပ်
ထန်းရိပ်က တဝေေ၀
လေပွေကမြူး
ဇရက်တွေ ထန်းရည်ကြိုက်ပြီထင့်
ကျွမ်းစိုက်လို့မူး။ ။

ဥသြ... ဥသြ...
ဘယ်တောကမြည်
ဘယ်ဆီကလဲ
ရိုးကမူ
ခိုဖြူ သန်းတော့
လွမ်းမျက်ရည်ဝဲ ။ ။


လွမ်းသလို
ထန်းရိပ်ညို
တဲအိုထဲ
ပုဇွန်ဆိတ် တစ်ခုန် နှစ်ခုန်နှင့်
နေညိုရည် လယ်ကွင်းဘေး
လူစုံပေါ့လေး။
မြည်းစရာ
အသီးမှာ သရက်ကင်းနဲ
ရောင်းရင်းတွေ နွေကြိုပွဲ
နွဲကြစို့လေး။ ။

3/10 july 2010 waves
မဂ္ဂဇင်းမှ နွေကြိုပွဲ ကဗျာကို
အနည်းငယ် ပြင်ဆင်၍
ပြန်လည်ဖော်ပြပါသည်။






.ဓမ္မဝေဒဂူ

No comments:

Post a Comment